လွိုင်ကော်မြို့ ဒေသဆန် ဈေးနှုန်းမြှင့်တက်လျက်ရှိ

Powered by Drupal

             ကယားပြည်နယ်တွင်ဆန်စပါးကို အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာအနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိကတင်ပို့နေကြသော်လည်း ယခုဧပြီလတွင် ကယားပြည်နယ်မှ အခြားဒေသသို့ ဆန်တင်ပို့မှုလျော့နည်းလာခြင်း၊ အခြားဒေသမှ ပြည်နယ်တွင်းသို့ ဆန်တင်သွင်းမှုလျှော့နည်းလာခြင်းတို့ကြောင့် ပြည်နယ်တွင်းထွက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ်လျှင်(၄၄၀၀၀)ကျပ်၊ ရွှေရင် အေး(၂) တစ်အိတ်လျှင် (၄၀၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၃၇၀၀၀)ကျပ် တို့ရှိပြီး ယခင်မတ်လ ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ်လျှင်(၄၂၀၀၀)ကျပ်၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် (၃၈၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၃၆၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်မတ်လနှင့် ယခုဧပြီလဈေးနှုန်းကိုနှိုင်းယှဉ်ကြည့်လျှင် ရွှေရင်အေး(၁)တစ်အိတ်လျှင်(၂၀၀၀)ကျပ်၊ ရွှေရင်အေး(၂) တစ်အိတ်လျှင် (၂၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်အိတ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် ဈေးနှုန်းမြှင့်တက်လျက်ရှိပြီး ဒေသဆန်ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ဒေသအခြေအနေအရတောင်သူများနွေစပါးစိုက်ပျိုး ရာသီချိန်တွင်အချိန်မီ မစိုက်ပျိုးနိုင်ခြင်းကြောင့်ဈေးနှုန်းမြှင့်တက်ရခြင်းဖြစ်သည်ဟု ဆန်အရောင်းဆိုင်ရှင် တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)