ပခုက္ကူဈေးကွက်၌ ပေါ်ဦးပေါ်ဖျားပန်းဂေါ်ဖီပွင့်များ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

                မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးကြီးနှင့် ပန်ခြံဈေးတို့တွင် ပန်းဂေါ်ဖီပွင့်များ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီ ပွင့်သည် စားသုံးသူများမှ ရာသီစာအဖြစ်စားသုံးမှုများလျက်ရှိပြီး ပခုက္ကူဈေးကွက်သို့ မြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မမြို့နှင့် ရှမ်းပြည်နယ်ထွက် ဂေါ်ဖီပွင့်များ အောက်တိုဘာလဆန်းမှစ၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

                ဈေးကွက်အနေဖြင့် ပန်းဂေါ်ဖီပွင့် အကြီးအသေးအရွယ်အစားနှင့် ပန်းပွင့်အရည်အသွေးလိုက်၍ ဈေးအနိမ့်အမြင့် ကွာခြားလျက်ရှိပါသည်။ မြစ်ခြေ၊ ကမ္မဒေသထွက် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ကျပ် (၇၀၀ - ၃၀၀၀)၊ ရှမ်းပြည်ဒေသထွက် ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၀၀၀ - ၃၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သီးနှံဈေးကွက်မြင့်တက်ရခြင်းမှာ ပန်းဂေါ်ဖီပွင့်များစိုက်ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန်၍ အပင်ပျက်စီးမှုများခြင်းကြောင့် ဈေးကွက်သို့ ပန်းဂေါ်ဖီပွင့်များ ဝင်ရောက်မှုနည်းခြင်းနှင့် သယ်ယူစရိတ်မြင့်မားခြင်းတို့ကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)