စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဧပြီလ နောက်ဆုံးပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်တို့တွင် ဈေးတန့်နေပြီး၊ ကသာခရိုင်နှင့် မုံရွာခရိုင်တို့တွင် အနည်း ငယ်မြင့်တက်နေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ယခင် အပတ်က ရန်ကုန်သို့အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၉၆၀၀၊ မကွေးသို့အိတ်ရေ ၁၀၀၀၊ နေပြည် တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊  စုစုပေါင်း အိတ်ရေ(၁၀၈၆၀၀)အိတ်၊ တန်အားဖြင့် (၅၄၃၀)စီးထွက်ခဲ့ပြီး၊ ယခုအပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၉၄၀၀၊ မကွေး သို့ အိတ်ရေ ၁၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၇၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၈၇၀၀)အိတ်၊ တန်အားဖြင့် (၇၄၃၅) စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၄၀၁၀၀)၊ တန် အား ဖြင့် (၂၀၀၅) ပိုမို စီးထွက်ခဲ့ပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ (နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၁၅၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၃၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၃၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင်ကျပ် ၅၄၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၉၅၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၄၂၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၈၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၂၇၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၈၀၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည် ပါတစ်အိတ်မှာ ၂၆၅၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၃၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၈၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၃၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၇၂၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည် တစ်အိတ်မှာ ကျပ် ၂၉၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၉၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၃၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)