စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် တာဝန်ခံသည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၂၁.၁၁.၂၀၂၄) ရက် နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးကုန် အရောင်းဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးကုန် ကုန်စည်များတွင် တားမြစ်ဆေးဝါးများ သုံးစွဲခြင်းရှိ/မရှိ နမူနာကောက်ယူစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့ နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း မှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တားမြစ်ချက် များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန် စသည်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး၊စားသုံးကုန်အရောင်းဆိုင်(၁၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)