စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဈေးနှုန်းများအနည်းငယ်မြင့်တက်လာ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းများမှာ ဧပြီလ တတိယပတ် မှစ၍ ဈေးနှုန်းများ အနည်းငယ်မြင့်ထက်လာကြောင်းသိရသည်။ ကလေးခရိုင်တွင် စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၇၄၀၀ကျပ်၊ ကသာခရိုင်တွင် စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၇၅၀၀ ကျပ်၊ ကန့်ဘလူခရိုင်တွင်  စားအုန်းဆီလက်လီတစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ စစ်ကိုင်းခရိုင်တွင် စားအုန်းဆီလက်လီ တစ်ပိဿာလျှင် ၇၁၀၀ကျပ်၊ မုံရွာခရိုင်တွင် စားအုန်းဆီ လက်လီ တစ်ပိဿာ လျှင်၇၂၀၀ကျပ်၊ ယင်းမာပင်ခရိုင်တွင် စားအုန်းဆီ လက်လီ တစ်ပိဿာလျှင် ၇၈၀၀ ကျပ်၊ ရွှေဘိုခရိုင် တွင် စားအုန်းဆီ လက်လီတစ်ပိဿာလျှင် ၇၂၀၀ ကျပ်  ဈေးပေါက်ကြောင်း သိရှိရသည်။

          စားအုန်းဆီဈေးနှုန်းများသည် ယခင် ဧပြီလ ပထမပတ်ထက် (၄၀၀)ကျပ်မှ(၅00)ကျပ်ထိ ဈေးတက်ခဲ့သော်လည်း ဒေသတွင်း၌ စားအုန်းဆီများ ပြတ်လပ်မည့် အခြေအနေမရှိနိုင်ကြောင်း   စားအုန်းဆီ လက်လီ/လက္ကား အရောင်းဆိုင်များမှ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ၎င်းတို့အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဆီလက်ကားကုန်သည်ကြီးများထံမှ စားသုံးဆီများကို ဝယ်ယူပြီး ထပ်ဆင့်ပြန်လည်ဖြန့်ဖြူးခြင်း ဖြစ်ပါ ကြောင်း၊ ၎င်းတို့ ဝယ်ယူရသော ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် စားအုန်းဆီဈေးနှုန်းမှာ ယခင်ကထက် အနည်းငယ် မြင့်တက်လာခြင်း ဖြစ်ပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)