မြန်အောင်မြို့ အမှတ်(၂)ရပ်ကွက် “ရွှေဗျိုင်းဖြူ”စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကြာနီ ကန်လမ်းရှိ “ရွှေဗျိုင်းဖြူ” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)