![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/28.1_8.jpg?itok=A1Zu2_4r)
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၉.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်ရာတွင် ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက အွန်လိုင်းမှတ်ပုံတင် လျှောက်ထား ရာတွင် မှတ်ပုံတင်လက်မှတ်ရရှိသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အချက်အလက်၊ လျှောက်လွှာ ပါတင်ပြချက်နှင့် စပ်လျဉ်း၍ အချက်အလက်များ ပြင်ဆင်လိုပါက ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ထပ်မံဖြည့်သွင်း၍ Online ဝန်ဆောင်ခ ပေးသွင်းကာ အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးရာတွင်လည်း ဦးစီးဌာနက သတ်မှတ်ထားသော သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၆၀ ကြိုတင်၍ မှတ်ပုံတင်လက်မှတ်သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ကြောင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းမရှိပါက သက်တမ်းကုန်ဆုံးမည့်နေ့ရက်တွင် ယင်းမှတ်ပုံတင်လက်မှတ်သည် အလိုအလျောက်ပျက်ပျယ်မည်ဖြစ်ကြောင်း အသိပညာပေးအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)