ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်တစ်ပြည်လျှင် (၃၀၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းကို (၂၀.၁၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်းက ဆကာကြီးကျေးရွာအုပ်စု၊ ဆကာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
ဓနုဖြူမြို့နယ်ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်းကို ဓနုဖြူဆန်စက် အသင်း၊ ဌာနဆိုင်ရာများ ကြီးကြပ်ကွပ်ကဲ၍ ဆကာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁) ရပ်ကွက်မှ အမှတ်(၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား လိုသလောက်ဝယ်ယူနိုင်ရန် အပါတ်စဉ်အလှည့်ကျ ၂၄ပြည် ဆန်အိတ်ရေ (၆၀) အထိ ဓနုဖြူမြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအားလုံးရှိ ပြည်သူများအား အလှည့်ကျ နေ့စဉ်ရောင်းချပေးလျက်ရှိပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလကုန်အထိ ရောင်းချပေးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်လည်း ဆက်လက်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)