မအူပင်မြို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား ဌာနဆိုင်ရာအသိပညာနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း‌အဝေးခန်းမတွင် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး (၆၄)ဦးအား  ဌာနဆိုင်ရာလုပ်ငန်းစဉ်းများနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

     ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မအူပင်ခရိုင်အတွင်း မှုခင်းလျော့နည်းကျဆင်းရေးကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့သည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ သိကောင်းစရာ ကိစ္စရပ်များအကြောင်း၊ အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းထားခြင်း လုပ်ငန်းစဉ် သိကောင်းစရာများအကြောင်း၊ စားသုံးသူအခွင့်အရေးနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားမှုအပေါ် စားသုံးသူရေး ရာဦးစီးဌာနက လုပ်ထုံးလုပ်နည်းနှင့်အညီ လက်ခံဖြေရှင်းဆောင်ရွက်ချက် ကိစ္စရပ်များအကြောင်း၊ ဥပဒေအရ စစ်ဆေးရေးအရာရှိ၏ အခန်းကဏ္ဍများအကြောင်းကို ရှင်းလင်းခြင်းနှင့် အကတိလိုက်စားမှု ကင်းရှင်းစေရေးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အလေးပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ပြီး ၊ ဥပဒေ၏ ပြစ်မှု ပြစ်ဒဏ်များကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာ ကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြသည်။

     မအူပင်မြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စုနှင့် ကျေးရွာခွဲပေါင်း (၄၄၂)ရွာရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)