အွန်လိုင်းမှတ်ပုံတင်ပြီးလုပ်ငန်းများ မြေပြင်အမှန်တကယ် ရောင်းချမှုနှင့် ကိုက်ညီမှု ရှိ/မရှိကွင်းဆင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင် ပြီး မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်းနှင့် ကိုက်ညီမှုရှိ/မရှိ အခြေအနေကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၂၁.၁၁.၂၀၂၄) ရက်နေ့၊နံနက် (၁၁:၀၀)အချိန်က ပန်းတနော်မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်း မှတ်ပုံတင်ထားပြီး လုပ်ငန်းများဖြစ်သည့် Htay Htay Aung(Katharwin Autt Su Village, Pantanaw)  အွန်လိုင်းဖြင့် ရောင်းချခြင်းလုပ်ငန်း၊ Zin Mar Khaing ပန်းတနော် ကျုံတုံးကလေးရွာ၊  AKEMI  Japanese Product သရက်ချောင်းကျေးရွာမြေနုအုပ်စု၊   စသော အွန်လိုင်းရောင်းချသူလုပ်ငန်း(၃)ခုသို့ ကုန်စည်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနေပြီး၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျောက်ထားရာတွင်  ဖြည့်စွက်ထားသည့် အမျိုးအစားနှင့် အချက်အလက်များအတိုင်း မြေပြင်တွင် ရောင်းချကုန်စည်များနှင့် ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခြင်း၊  Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးပြီး အွန်လိုင်းမှတ်ပုံတင်လက်မှတ်ထုတ်ယူရန် အခက်အခဲများရှိပါက ကူညီဆောင်ရွက်ပေးပြီး ၎င်းတို့ရောင်းချသော Pageများတွင် အသိအမှတ်ပြုလက်မှတ်ဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)