
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့် နိုဝင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၂၀ပိဿာဝင်တစ်တင်းကို ၁၂၂၇၀၀ကျပ်ရှိခဲ့ပြီး၊ နိုဝင်ဘာလ တတိယ ပတ်တွင် (၂၀)ပိဿာဝင်တစ်တင်းကို ၁၁၉၀၀၀ကျပ်ရှိခဲ့ကာ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ ကုလားပဲတစ်ပြည်ကို ၇၅၀၀ကျပ်၊ ဘိုကိတ်တစ်ပြည်ကို ၇၇၀၀ကျပ်၊ စားတော်ပဲ တစ်ပိဿာလျှင် ၇၆၀၀ကျပ်၊ ပဲနီစေ့တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ ၁၀၀၀၀ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲမျိုးစုံကို ရန်ကုန်ဘုရင့်နောင်စျေးမှယူ၍ ရောင်းချရကြောင်း ပဲမျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)