ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတတိယအပတ် ပဲဆီသန့်တစ်ပိဿာလျှင် ယခင်အပတ် ၁၉၀၀၀/၂၀၀၀၀ဈေးမှ ယခုဈေး ၁၈၀၀၀/၂၀၀၀၀ ဖြစ်သွား၍ ပဲဆီသန့်တစ်ပိဿာ ကျပ်၁၀၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး နှမ်းဆီ တစ်ပိဿာ ယခင် ၁၈၀၀၀/၁၉၀၀၀ကျပ် ဈေးမှ ယခု၁၉၀၀၀/၂၀၀၀၀ဖြစ်သွား၍ တစ်ပိဿာကျပ် ၁၀၀၀ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် ကျပ် ၈၀၀၀/၈၅၀၀ ဈေးမှ ယခုဈေး တစ်ပိဿာကျပ် ၇၅၀၀/၈၀၀၀ ဖြစ်သွားသည့်အတွက် ငရုတ်ခြောက်ရှည် တစ်ပိဿာကျပ် ၅၀၀ခန့်ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပွင့်လင်းရာသီတွင် ကြက်သွန်နီအသစ်များ ဈေးကွက်ဝင်ရောက်လာချိန် ယခင်ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀/၄၅၀၀ ကျပ်ဈေးမှ ယခု ၄၀၀၀/၄၂၀၀ဖြစ်သွား၍ ကြက်သွန်နီတစ်ပိဿာကျပ် ၂၀၀/၃၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး အာလူးအလတ် တစ်ပိဿာ ယခင် ၇၅၀၀/၈၀၀၀ကျပ်ဈေးမှ ယခုဈေး ၉၃၅၀/၁၀၀၀၀ဖြစ်သွား၍ အာလူး တစ်ပိဿာကျပ် ၂၀၀၀ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။
မြန်မာကြက်သား တစ်ပိဿာ ယခင်ကျပ် ၃၀၀၀၀/၃၂၀၀၀ ဈေးမှယခုဈေးတစ်ပိဿာ ကျပ် ၃၂၀၀၀/၃၄၀၀၀ ဖြစ်သွား၍ တစ်ပိဿာကျပ် ၂၀၀၀ဈေးနှုန်းမြင့်တက်မှုရှိပြီး မွေးမြူရေးကြက်သား၊ ဘဲသား၊အမဲသား၊ ဆိတ်သားဈေး၊ငါးဈေး ၊ငါးခြောက်ဈေးနှုန်းများနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံစားသောက်ကုန်စာရင်းမှ သိရသည်။
DOCA(ဧရာဝတီ)