တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ကွမ်းသီး၊ ရော်ဘာ၊ သီဟိုဠ် စျေးနှုန်းများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးမှ အလေ့ကျပေါက်ရောက်လျက်ရှိသည့်အပြင် စိုက်ပျိုးခြံများဖြင့်လည်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော တိုင်းဒေသကြီး၏ ဝင်ငွေရရှိလျက်ရှိသော နှစ်ရှည် သီးပင်များမှာ ကွမ်းသီး၊ ရော်ဘာ၊ သီဟိုဠ် ပင်များပင် ဖြစ်ပါသည်။

          ယခုနိုဝင်ဘာလအထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကွမ်းသီးခြောက်အလုံး တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ကွမ်းသီးခြောက်အခြမ်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ရော်ဘာစျေးနှုန်းအနေဖြင့် နေလှန်းအခြောက်ခံပြီး RSS-3 (မှိုင်းခံရော်ဘာ) တစ်ပေါင်လျှင် (၂၈၀၀)ကျပ်နှင့် သီဟိုဠ်စျေးနှုန်းများမှာ သီဟိုဠ်အချော တစ်ပိဿာလျှင်(၅၅၀၀၀)ကျပ် အသီးသီးဖြစ်ပေါ်လျက်ရှိပါကြောင်း ထားဝယ်မြို့ပေါ်ရှိ ကွမ်းသီး၊ ရော်ဘာ၊ သီဟိုဠ်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)