တနင်္သာရီတိုင်းဒေသကြီး ဒေသထွက် ငါးမုန့်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးမုန့်များ၏ အရသာထူးကဲကောင်းမွန်မှုသည် မြန်မာနိုင်ငံအနှံ့အပြားစားသုံးသူပြည်သူအများအပြား လက်ခံလျက်ရှိပါသည်။ အရာသာကောင်းမွန်သော ငါးမုန့်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် ငါးအမျိုးအစားသည် အလွန်ပင် အရေးကြီးလှပါသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ငါးမုန့်လုပ်ငန်းအများစုသည် ငါးကွန်းရှပ်(ဒေသအခေါ်) ဘီးဇင်းငါးအမျိုးအစား တစ်ခုတည်းကိုသာ အဓိကထားအသုံးပြုကြပါသည်။

     တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ငါးမုန့်များတွင် ငါးမုန့်အခြောက်အစိမ်း၊ နှမ်းများကပ်ကာ နှမ်းကပ်ငါးမုန့်ခြောက်အစိမ်း၊ ဆီပူတွင် ကြော်ကာ အသင့်ကြော်ငါးမုန့် အထုတ်ငယ်များဖြင့် အသီးသီး ရောင်းချလျက်ရှိရာ စျေးနှုန်းများအနေဖြင့် ငါးမုန့်ခြောက်အစီမ်း တစ်ပိဿာလျှင်(၃၈၀၀၀) ကျပ်ဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပြီး အသင့်ကြော်ငါးမုန့်များအား လေလုံအောင် ထုပ်ပိုး၍ အထုတ်ငယ်တစ်ထုတ်လျှင်(၄၀၀/၇၀၀)ကျပ်နှုန်းဖြင့် ဒေသတွင်း ကုန်စုံဆိုင်၊ အအေးဆိုင် များ၊ စားသောက်ဆိုင်များနှင့် မြို့အနီးပတ်ဝန်းကျင် ကျေးရွာများအထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)