ဆန် စီးဝင်၊ စီးထွက်မှုနှင့် ပြောင်း၊ ပဲအမျိုးမျိုးတင်ပို့မှုအခြေအနေ

Powered by Drupal

ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုပုံမှန်လည်ပတ်လျက်ရှိပြီး ဧပြီလအတွင်း အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများမှာ (၁၉၈၀)အိတ်၊ (၉၉)တန်နှင့် ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့မှုမှာ (၁၂၈၀)အိတ် (၆၄)တန်၊ ပြောင်းတင်ပို့မှုမှာ (၃၅၇၀)အိတ် (၁၇၅) တန်ရှိပြီး ယခင် မတ်လအတွင်း ဆန်တင်သွင်းမှုမှာ(၃၃၇၈)အိတ်၊ (၁၆၉)တန်၊ ဆန်တင်ပို့မှုမှာ (၃၁၂၅)အိတ်၊ (၁၅၆)တန်၊ ပြောင်းတင်ပို့မှုမှာ(၁၇၆၅၇)အိတ်၊ (၈၆၄)တန်တို့ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှု(၁၃၉၈)အိတ်၊ (၇၀)တန်လျော့နည်းလာခြင်း၊ ဆန်တင်ပို့မှု (၁၈၄၅) အိတ် (၉၂)တန်၊ ပြောင်းတင်ပို့မှု (၁၄၀၈၇)အိတ်(၆၉၀)တန်လျော့နည်းလာကြောင်း တွေ့ရပါတယ်။ ထို့အပြင် ကယားပြည်နယ်မှ အခြားဒေသများသို့ ပဲစင်းငုံတင်ပို့မှုမှာ(၃၅၀)အိတ်၊ ပဲကြီးတင်ပို့မှုမှာ (၅၃၅)အိတ်၊ ပဲတီစိမ်း(၁၂၅)အိတ်နှင့်မြေပဲ(၆၀)အိတ်တို့တင်ပို့ခဲ့ကြောင်း မြို့ဦးဂိတ် စာရင်းများအရ သိရှိရပါတယ်။
DOCA(ကယား)