![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/14_25.jpg?itok=CuCmUJhp)
တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးဆဲကာလဖြစ်၍ ပဲသစ်များမပေါ်သေးဘဲ ယခင်နှစ်၏ လက်ကျန်တချို့ရှိနေပါသည်။ စက်တင်ဘာလက မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၉၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၇၆၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၁၆၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။
ပဲတီစိမ်းမှာ စက်တင်ဘာလက (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ဈေးတက်လာပါသည်။ ပဲလွန်းဖြူမှာ ယခင်နှစ်ထွက် လက်ကျန်မရှိ၍ အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ရွှေခြင်္သေ့မင်းပွဲရုံမှသိရပါသည်။
DOCA(ပဲခူး)