အရောင်အသွေးစုံလင်လှသော ဂန္ဓမာပန်းသည် မြင်သူတိုင်းက သဘောကျနှစ်ခြိုက်သော ပန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းအား ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာ ဆောင်အခမ်းအနားစသည်တို့တွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာ သုံးစွဲကြသောပန်းလည်း ဖြစ်ပါသည်။ ဂန္ဓမာပန်းများကို စိုက်ပျိုးခြင်းသည်လည်း မြန်မာနိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ရွေးချယ်စိုက်ပျိူးသည့်မြေအလိုက် ပန်းစပွင့်သည်မှ ၄ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပါသည်။
ထားဝယ်ဈေးကွက်၌ နိုဝင်ဘာလအတွင်း ဂန္ဓမာပန်းဈေးနှုန်း မြင့်တက်လျက်ရှိပြီး တစ်ပွင့်လျှင်(၁၂၀၀)ကျပ်၊(၁၀)ပွင့်တစ်စီးလျှင် (၁၂၀၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)