၂၇.၁၁.၂၀၂၄ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၄၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၀၀၀၀၊ ဖျာပုံချိုသေးရိုးရိုးကျပ် ၇၀၀၀၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး ကျပ် ၉၀၀၀၊ ငါးကျီးကြပ်တိုက်သေး ကျပ် ၇၀၀၀၊ ငါးမြွေထိုးကျပ် ၄၀၀၀၀၊ ငါးရံ့ခြောက်ကြီး ကျပ် ၇၅၀၀၊ ငါးရံ့ခြောက်လတ်ကျပ် ၆၀၀၀၊ ငါးရံလုံးရှယ် ကျပ် ၅၀၀၀၀၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀၊ ငါးကွမ်းရှပ် ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံး ကျပ် ၆၀၀၀၊ ငါးနှပ်ချို ကျပ် ၃၅၀၀၀၊ ငါးရွှေသေး ကျပ် ၁၀၀၀၀၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀ ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)