RCEP သည် ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်သူ ၂.၃ ဘီလီယံ၏ ဈေးကွက်သို့ဝင်ရောက်လာ

Powered by Drupal

             ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က ဒေသဆိုင်ရာဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်အရ ကမ္ဘောဒီးယားနိုင်ငံသာ ၂.၃ ဘီလီယံ၏ ဈေးကွက်သို့ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း ၂၆.၁၁.၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော The Global Chinese Economic and Technology (GCET) Summit 2024  အခမ်းအနားတွင် ပြောကြားခဲ့သည်။ GCET ထိပ်သီးအစည်းအဝေးသည် တရုတ်နှင့်ကမ္ဘာအကြား စီးပွားရေးချိတ်ဆက်မှုတိုးတက်စေရန် ရည်ရွယ်သည့်နှစ်စဉ်နိုင်ငံတကာဖိုရမ်တစ်ခုဖြစ်သည်။ နိုင်ငံစုံကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ အထူးတာဝန်များကိုထမ်းဆောင်နေသည့် ကမ္ဘောဒီးယားအကြီးတန်းဝန်ကြီး Sok Siphana က အစည်းအဝေးတွင် RCEP သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ လုံခြုံရေး၊ သာယာဝပြောရေးနှင့် မိတ်ဖက်ဆက်ဆံရေးကိုတိုးမြှင့်ရန် အဓိကကဏ္ဍမှပါဝင်ကြောင်းပြောကြားခဲ့သည်။ RCEP သည် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်တည်ငြိမ်မှုကို မြှင့်တင်ရန်နှင့်ပိုမိုကျယ်ပြန့်သောဒေသတွင်း မူဘောင်တွင်လည်း အာဆီယံ၏ အခန်းကဏ္ဍကို အားဖြည့်ပေးနိုင်သည့် အလားအလာရှိကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်ဖွဲ့စည်းခဲ့သော RCEP တွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒီုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် ၎င်းတို့၏ စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ကြကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)