ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့တွင် (၂၅.၁၁.၂၀၂၄)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ မိမိတို့ ဒေသရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် ဟင်္သာတမြို့နယ်တွင် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်၊ ဘဲဥတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် မြို့နယ်တွင်းနေရာစုံ၌ ‌ရောင်းချပေးလျက်ရှိပါသည်။  ဇလွန်မြို့နယ် ညောင်ပင်ဈေး ရပ်ကွက်တွင် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်ဖြင့် အလုံးရေ ၄၀၀ လုံး၊ အင်္ဂပူမြို့နယ် မြို့မဈေး၌ ကြက်ဥတစ်လုံးလျှင် (၄၃၀ ကျပ်)ဖြင့် အလုံးရေ ၃၀၀ အား လည်းကောင်း၊ မြန်အောင်မြို့နယ် နေခြည်ဈေး‌ရှေ့တွင် ကြက်ဥတစ်လုံးလျှင် (၄၀၀ ကျပ်)ဖြင့် အလုံးရေ ၇၀၀ အား သက်ဆိုင်ရာ အစိုးရဌာနများ ပူးပေါင်း၍ ၂၅.၁၁.၂၀၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အသီးသီး ရောင်းချခဲ့ပါသည်။ (၂၆.၁၁.၂၀၂၄) ရက်နေ့တွင်လည်း မြို့နယ်အလိုက် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)