၂၀၂၄ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၆၀၀)ကျပ်ဖြင့် ‌ဈေးကောင်းရနေပြီး ပြောင်းအသစ်များ ဈေးကွက်အဝင်များသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၀၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံး ဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးရှိနေကြပြီး တောင်သူလက်ကျန်နည်းသော်လည်း ပွဲစားငယ်များထံမှ ဈေး ကွက်အဝင်ရှိသဖြင့် ဈေးနှုန်းမှာထူးခြားစွာပြောင်းလဲမှုမရှိဘဲ အမြင့်ဈေးဖြင့်သာငြိမ်နေပြီး စီးဆင်းမှု မှာအနည်းငယ်မျှ ပိုလာပါသည်။

     အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ  S2-၈၅၀၀ကျပ်၊   S1-၈၀၀၀ကျပ်၊   OK-၆၈၀၀ကျပ်၊ ဆွဲသီး- ၅၂၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ် ဈေးရှိနေကြပြီး   OKမျက်နီ၊ ဆွဲသီး နှင့် ဂေါ်လီဆိုဒ် များသာ အဝင်ရှိသော်လည်း ဝယ်လက်များနေသဖြင့် ဈေးကောင်းနေပြီး စီးဆင်းမှုမှာ အနည်းငယ် ပိုလာပါသည်။

     ချင်းသီးနှံမှာ တစ်ပိဿာလျှင် ချင်းအခက်ကြီးမှာ(၄၅၀၀) ကျပ်၊ ထိုးချင်း (ခေါ်) ချင်းအပယ် မှာ (၂၅၀၀)ကျပ်နှင့် ချင်းဥမမြေနီအလတ်စမှာ (၃၀၀၀)ကျပ် မှ (၃၅၀၀)ကျပ်ထိဈေးရှိနေကြပြီး ပြည်တွင်းဈေးကွက်သာရှိသော်လည်း အဝယ်များသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

      ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၃၀၀၀-၃၂၀၀ကျပ်၊ ပန်းမုံလာ ၂၈၀၀-၃၅၀၀ကျပ်၊ ရွှေပဲ ၇၀၀၀- ၈၀၀၀ကျပ်၊ မုန်ညှင်း ၂၅၀၀-၃၀၀၀ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၆၀၀၀ကျပ်၊ ဘိုစား ၁၆၀၀-၂၀၀၀ ကျပ်၊ မုန်လာဥနီ ၂၅၀၀-၃၃၀၀ကျပ်၊ ဖရုံသီး ၁၆၀၀-၁၈၀၀ကျပ်၊ ငြုပ်ပွ ၉၀၀၀-၁၀၀၀၀ကျပ်၊ ခရမ်းသီး ၃၃၀၀-၃၅၀၀ကျပ်ဖြင့် အသီးသီးဈေးပေါက်နေကြပြီး ပန်းမုံလာသီးနှံမှာ ရေနစ်ပျက်စီးမှုများကြောင့် အထွက်နှုန်းထက်ဝက်ခန့်လျော့ကျသဖြင့် ပန်းမုံလာ(ရှယ်)ကြီးမှာ ဈေးကွက်အဝင်မရှိဘဲ အသေးမှာ လည်းဈေးကောင်းရလျက်ရှိပါသည်။ခရမ်းချဉ်၊ မုန်ညှင်း၊ ရွှေပဲ နှင့် ဘိုစားသီးနှံတို့မှာ အဝင်များသဖြင့် ဈေးကျဆင်းသွားပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကာ ဈေးကွက်လိုအပ်ချက် အရ ဈေးနှုန်းအတက်အကျရှိသော်လည်း စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုလာကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)