၂၀၂၄ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် အာလူးသီးနှံကုန်စည်ဝင်ရောက်မှု နည်းပါးနေဆဲဖြစ်ပါသည်။ အားလူးကြော်ဈေးကွက်အကိုက် အကြီးဆိုဒ်များဖြစ်သည့် မားကစ် S1 S2 ဆိုဒ်များ မျက်နီ S1 S2 ကုန်ဝင်မရှိသလောက်ဖြစ်နေပြီး ဝင်လာသောအကြီးဆိုဒ်များသည်လည်း ဈေးကွက်တွင် ရောက်မလာဘဲ အကြော်လုပ်ငန်းရှင်များနှင့်တိုက်ရိုက်ချိတ်ဆက်ထားသော ပွဲရုံဂိုထောင်များမှတဆင့် တိုက်ရိုက် တင်ပို့ခြင်းကြောင့် ဈေးနှုန်း ၈၅၀၀ပေါက်သော်လည်း ကုန်စည်သည်ဈေးကွက်တွင် ပြတ်လပ်နေပါသည်။
ဒေသသုံးအလတ်ဆိုဒ်များဖြစ်သည့် S1 OK ၇၀၀၀၊ OK ၆၈၀၀A1 ၅၅၀၀နှင့် A1ဆွဲ၅၂၀၀ဈေး ပေါက်နေပြီး ဂေါ်လီဆိုဒ်မှ၂၅၀၀/၃၀၀၀ဖြင့် ဈေးကွက်တွင်ဖြန့်ဖြူးရောင်းဝယ်နေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ကုန်စည်လက်ကျန်ရှိသော တောင်သူများကလည်း ပွဲရုံသို့မပို့ဘဲ ဈေးနှုန်းပိုရသော ဒေသဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေကြသဖြင့် အသေးဆိုဒ် အလတ်ဆိုဒ်များ ဈေးနှုန်းပိုမိုလာပါသည်။ပွင့်လင်းရာသီ ကုန်ထုတ်လမ်းများကောင်းလာပြီး အာလူးပေါ်ချိန်တွင် ဈေးပြန်ကျလာနိုင်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA(ရှမ်း)