ရှမ်းတောင်‌ဒေသထွက် ကုန်စိမ်းသီးနှံဈေးကွက်သုံးသပ်ချက်

Powered by Drupal

     ၂၀၂၄ခုနှစ် ၊နိုဝင်ဘာ ဒုတိယပတ်တွင် ရှမ်းတောင်ကုန်စိမ်းသီးနှံများတွင် သီးနှံအမျိုးအစားအလိုက် ကုန်စည်ဝင်‌ရောက်မှု့မတူညီသလို ဈေးနှုန်းဈေးကွက် အတက်အကျကြမ်းသည့်ကာလ တစ်ခုပေသည်။

    ရှမ်းတောင်ခရမ်းချဉ်မှာ ဈေးနှုန်းအလှုပ်ခတ်ဆုံးသီးနှံဖြစ်သည်။ဈေးကုန်ဝင်များ၍ ဈေးကျလျှင်လည်း ၅၀၀ကျပ် ၆၀၀ကျပ်ဝန်းကျင်မှ ယခုကုန်စည်ဝင်ရောက်မှုနည်းချိန် အမြင့်ဈေး ရှယ်သီး ၆၈၀၀ကျပ်၊ ရှယ်သီး ၆၅၀၀ကျပ်နှင့် အသေးဆိုဒ်၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေကြပါသည်။ ကုန်စည်ရှားပါးသဖြင့် ရှမ်းတောင်ဒေသဈေးကွက်တွင် တင်ပို့ရောင်းချကြရာ တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်ဈေး‌ပေါက်နေရာ ကုန်သည်ဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှုနည်းပါးရခြင်း ဖြစ်ပေသည်။ပွင့်လင်းရာသီ အောက်မြန်မာပြည် ခရမ်းချဉ်ထွက်ပေါ်လျှင် ဈေးပြန်ကျလာနိုင်ကြောင်း ကုန်သည်ဈေးကွက်မှ သိရှိရပါသည်။

     ကျန်ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီမကျပဲ ၂၇၀၀/၃၀၀၀ကျပ် ၊ပန်းပွင့် ၃၀၀၀ကျပ်ဈေးပေါက်နေ ပါသည်။မုံညင်းများ ၄၀၀၀ကျပ်၊ ဘိုစားပဲမှာ ဈေးကျလာပြီး ရှယ်၂၀၀၀နှင့် အလတ်စ ၁၈၀၀၊ ရွှေပဲ ၁၃၀၀၀ကျပ်၊ ခရမ်းသီး ၃၅၀၀ကျပ်၊ ငရုတ်ပွ ၉၀၀၀ကျပ်မှ ၁၁၀၀၀ဈေးမာနေဆဲ ဖြစ်ပါသည်။

      ကုန်စိမ်းသီးနှံဈေးကွက်၏ သဘောသဘာဝအရ ကုန်စည်အဝင်းနည်း၍ ဈေးကွက်လိုအပ်ချက်ရှိသည့်အချိန်အခါ သီးနှံရာသီချိန် ကုန်ဆုံးခါနီးကုန်ဝင်ပါးချိန်နှင့် ရှမ်းတောင်ဒေသ၏ ပွဲတော်ရာသီများတွင် တောင်သူတို့၏ဓလေ့အရ လုပ်ငန်းခွင်နှင့် အ‌ရောင်းအဝယ်ပါးတတ်သည့် သဘောကြောင့် ဈေးကွက်လိုအပ်ချက်ပြည့်မှီနိုင်မှုနည်းပါးနိုင်သေးကြောင်း လေ့လာတင်ပြအပ် ပါသည်။

DOCA(ရှမ်း)