ကုန်စည်ပုံမှန်စီးဆင်းမှုမှ ကုန်ဈေးနှုန်းတည်ငြိမ်ရေး

Powered by Drupal

      ယနေ့မျက်မှောက်အခြေအနေအရ အခြေခံစားကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည် စိုက်ပျိုး ထုတ်လုပ်ရာဒေသမှကုန်စည်ကို စားသုံးရာဒေသသို့ ပုံမှန်စီးဆင်းတင်ပို့ နိုင်ရေးသည် စားသုံးသူတို့အတွက် အဓိကအချက်ဖြစ်ပေသည်။

    သီးနှံအမျိုးအစားအလိုက် ထုတ်လုပ်မှု့ကုန်ကျစရိတ်လျှော့ချနိုင်ရေးသည်လည်း အကြောင်းအချက်တစ်ခုဖြစ်သလို မမျှော်မှန်းနိုင်သည့် သဘာဝဘေးဒဏ်များကို ကြံ့ခိုင်စွာဖြင့် ရင်ဆိုင် ကျော်လွှား ရပေမည်။ယနေ့လက်လီဈေးကွက်တွင် အာလူးအလတ်စ ၉၀၀၀ကျပ် ခရမ်းချဉ်၉၀၀၀ ကျပ်ဈေး ပေါက်နေပြီး ကျန်ကုန်စိမ်းသီးနှံ ဂေါ်ဖီ၊ပန်းမုန်လာ၊မုန်ညှင်းသီးနှံများသည်လည်း ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်ပေသည်။

     ဈေးနှုန်းဈေးကွက်ကို လေ့လာဆန်းစစ်သောအခါ ဥပမာ ခရမ်းချဉ်ဆိုလျှင်ရာသီဥတု ရေဘေး ဒဏ်မခံရမှီတွင် ခရမ်းချဥ်ရင့်မှည့်ခူးဆွတ်ချန်ဖြစ်၍ ကုန်စည်အဝင်များ၍ ဈေးနှုန်းမှာ တစ်ပိဿာ ၃၀၀ကျပ်၊၅၀၀ကျပ်နှင့် အမြင့်ဆုံး၇၀၀ကျပ်ခန့်သာ ဈေးပေါက်ရာ စိုက်ပျိုးတောင်သူများတစ်ကြိမ်ခန့် ခူးဆွတ်ပြီး အပင်ပြုစုပျိုးထောင်မှု အားနည်းခဲ့ပါသည်။ရေဘေးနှင့်အတူမိုးအဆက်မပြတ်ရွာသွန်းသဖြင့် အပင်များပျက်စီး၍ အထွက်ကုန်လျော့နည်းရပေသည်။ ထို့ကြောင့်ကုန်စည်ရှားပါးလာပြီး ဈေးကွက်လိုအပ်ချက်မပြည့်မီတော့သဖြင့် ပုံမှန်စီးဆင်းမှုမပြုနိုင်တော့ပဲ ဈေးနှုန်းဈေးကွက် အတက်အကျများဖြင့် လှုပ်ခတ်ခဲ့ရပေသည်။ထို့အပြင်ဈေးကွက်တွင်းရှိ ပုံမှန်လည်ပတ်လျက်ရှိသည့် ကျင်သီးနှင့် ပွဲရုံလက်ကျန် ခရမ်းချဉ်ပိဿာ ၅သိန်းခန့်ရေမျောပျက်စီးခဲ့သဖြင့် ဈေးကွက်တွင် ကုန်စည်ဖြတ်၍  အသစ်ပြန်စရသော ဈေးကွက်ဖြစ်ခဲ့ပေသည်။

          အခြားကုန်စိမ်းသီးနှံများသည်လည်း ထို့အတူစိုက်ပျိုးတောင်သူများအနေဖြင့် ထုတ်လုပ်မှု စရိတ်လျော့နည်းရန် နည်းစနစ်များ ၊မိမိစိုက်ပျိုးသည့် သီးနှံ၏ မိမိဒေသထွက်စိုက်ပျိုးထွက်ရှိချိန် ၊ဈေးနှုန်းဈေးကွက်အခြေအနေနှင့် မမျှော်မှန်းနိုင်သည့် အခက်အခဲအတားအဆီးများကို သတင်းအချက်အလက်တည်းဟူသော ဈေးကွက်ဆိုင်ရာ ဗဟုသုတများဖြင့် မိမိအကျိုးစီးပွားကို တိုးတက် အောင်ကြံဆောင်သင့်ကြောင်း တိုက်တွန်းရေးသားအပ်ပါသည်။

DOCA(ရှမ်း)