ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အာလူးကို မြို့နယ်တိုင်းတွင် စိုက်ပျိုးကြသော်လည်း ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အဓိက စိုက်ပျိုးလျက်ရှိပြီး အခြားမြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးလျက်ရှိပါသည်။ အာလူးသီးနှံအား တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ပြီး မိုးအာလူး(မတ်မှ ဇွန်)လအထိ၊ ဆောင်း အာလူး(ဩဂုတ်မှ နိုဝင်ဘာ)လအထိ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးဒေသတွင် ရေအာလူး (သို့) နွေအာလူး (ဇန်နဝါရီမှ ဖေဖော်ဝါရီ)လအထိ စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသမှ ထွက်ရှိသော အာလူးများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ပြည်၊ မိတ္ထီလာမြို့များအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုးအာလူးများ ရိတ်သိမ်းချိန် (စက်တင်ဘာ နှင့် အောက်တို ဘာလ)တို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းများပျက်စီးခြင်း၊ အာလူးသီးနှံအထွက်နှုန်း ကျဆင်းမှုတို့ကြောင့် ဈေးကွက်အတွင်းသို့ အာလူးဝင်ရောက်မှု နည်းပါးလာကာ အာလူးဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။ လတ်တလော အာလူး တစ်ပိဿာလျင် - မျက်နီ S2-၈၅၀၀ ကျပ်၊ S1-၈၀၀၀ ကျပ်၊ OK- ၇၀၀၀ ကျပ်၊ A1 (ဆွဲသီး)-၅၂၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်- ၂၅၀၀-၃၀၀၀ခန့် ဈေး ပေါက်လျက်ရှိပါသည်။
ယခုအခါ မိုးအာလူး ရိတ်သိမ်းပြီး လှိုင်လှိုင်ပေါသည့်ကာလဖြစ်သော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်း၊ သီးနှံပျက်စီဆုံးရှုံးမှုကြောင့်လည်းကောင်း၊ ဆင်ဖြူကျွန်း အာလူးမထွက်သေးသည့်အတွက်ကြောင့်လည်းကောင်း အားလူးဈေးနှုန်းများမာနေဦးမည်ဖြစ်ကြောင့် လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)