မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် စက်ရုံများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချရာတွင် ခေါက်ဆွဲသားအကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီး ရောင်းချကြောင်း၊ ရွှေဒင်္ဂါအဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၁၀၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စွမ်းထက် ခေါက်ဆွဲဖြူတစ်ပိဿာလျှင် ကျပ်(၇၄၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ခေါက်ဆွဲအလုံးစည်း တစ်စည်းလျှင် ကျပ်(၇၀၀) အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ကြမ်းဂျုံသီးနှံဈေးနှုန်းကျဆင်းခြင်းမရှိ၍ ခေါက်ဆွဲခြောက်ဈေးနှုန်းများလည်း ကျဆင်းခြင်းမရှိကြောင်း၊ ယခုအချိန် ကျောင်းဖွင့်လှစ်ချိန်ဖြစ်၍ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ်သွက်ကြောင်း၊ အခြားမြို့နယ်များဖြစ်သည့် မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)