ခရီးသွားကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ရန်ယူအေအီးနိုင်ငံအားအင်ဒိုနီးရှား ဖိတ်ခေါ်

Powered by Drupal

             အင်ဒိုနီးရှားနိုင်ငံခရီးသွားလာရေးဝန်ကြီးဖြစ်သူ Widiyanti Putri Wardhana ကနိုင်ငံ၏ခရီသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ယူအေအီးတွင်ရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်ခဲ့ကြောင်းသိရပါသည်။ယူအေအီးနိုင်ငံစီးပွားရေးဝန်ကြီးဖြစ်သူAbdulla Bin Touq Al Marri နှင့်အဘူဒါဘီမြို့တွင်တွေ့ဆုံစဉ် Wardhana က အင်ဒိုနီးရှားနိုင်ငံသို့ ယူအေအီးခရီးသွား များ လာရောက်လည်ပတ်ရန် ကြီးမားသည့်အလားအလာကိုမြင်တွေ့ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ခရီးသွားကဏ္ဍ၌ ယူအေအီး၏ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာပီး ၂၀၂၂ ကထက် ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်းပြောကြားခဲ့ပါသည်။ ထိပ်တန်းရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှာ စားသောက်ဆိုင်များ၊ ခရီးသွားဝန်ဆောင်လုပ်ငန်းများနှင့် ကြယ်ပွင့်အဆင့်ရှိဟိုတယ်များတွင် ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်တွင်လည်း အင်ဒိုနီးရှားတွင် ယူအေအီး၏ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁.၈ သန်းတန်ဖိုး ရှိကြောင်းသိရပါသည်။ ထိုအလည်အပတ်ခရီးစဉ်အတွင်း Wardhana ကအင်ဒိုနီးရှားရှိ ခရီးသွားနေရာအချို့ကိုကြေညာခဲ့ကြောင်းသိရပါသည်။ Wardhana က အနာဂတ်တွင် နှစ်နိုင်ငံအကြားခရီးသွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းမည်ဟု ယုံကြည်ကြောင်း၊ ခရီးသွားကဏ္ဍသည် နိုင်ငံစီးပွားရေးတွင် ထိပ်ဆုံးကဏ္ဍ၌ပါဝင်နေကြောင်း၊ ၂၀၂၃ အမျိုးသားရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်တွင်လည်း အဓိကနေရာကပါဝင်ခဲ့ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှား၏ ထိပ်တန်းဦးစားပေး လည်ပတ်ရာငါးနေရာနှင့် ခရီးသွားအထူးစီးပွားရေးဇုန် ၁၀ ခုတွင်ရင်းနှီးမြှုပ်နှံရန် တုံ့ဆိုင်းမနေသင့်ကြောင်းပြောကြားခဲ့သိဟုသိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)