ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်ရှိစက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Hyunh Thanh Su သည် China Energy Engineering Group Co..,Ltd (CEEC) ၏အဖွဲ့ဝင်ဖြစ်သည့် China Gezhouba Group Corporation(CGGC) မှ တာဝန်ရှိသူများနှင့် မဲခေါင်ဒေသခံများအတွက် စွန့်ပစ်ပစ္စည်းမှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်အတွက် ဆွေးနွေးမှုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ CGGC ၏ညွှန်ကြားရေးမှူးဖြစ်သူ Ta Ba Tung က ကော်ပိုရေးရှင်းသည် ၁၂၀၀ မဂ္ဂါဝပ်ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံကို Hai Duong ပြည်နယ်၊ ၇၀ မဂ္ဂါဝပ်လေစွမ်းအင်စီမံကိန်းကို Ninh Thuan ပြည်နယ်နှင့် ၆၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံ ပထမအဆင့်ကို Hai Phong ပြည်နယ် အစရှိသည့် များစွာသော စီမံကိန်းများတွင် ဗီယက်နမ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရပါသည်။ ၎င်းတို့သည် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံနှင့် လေစွမ်းအင်စီမံကိန်းများကို Nam Dinh နှင့် Dak Lak ပြည်နယ်များတွင် တည်ဆောက်ရန်စီစဉ်နေကြောင်း သိရပါသည်။ CGGC သည် အမေရိကန်ဒေါ်လာ ၄၇.၃ - ၅၉.၂ သန်း စုစုပေါင်းရင်းနှီးမြှုပ်နှံမည့် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန်အတွက် Can Tho နှင့်ပူးပေါင်းဆောင်ရွက်ရန် အလိုရှိနေကြောင်း သိရပါသည်။ ထိုစက်ရုံစတင်လည်ပတ်ပါက တစ်ရက်ကိုစွန့်ပစ္စည်း၄၀၀-၆၀၀ တန်ကို အသုံးပြုကာ နှစ်စဉ်တစ်နာရီကို ကီလိုဝပ် ၆၄ သန်း ထုတ်လုပ်နိုင်မည်ဟုသိရပါသည်။ ထိုအစည်းအဝေးတွင် CGGC မှတာဝန်ရှိသူများက တရုတ်နိုင်ငံတွင် ၎င်းတို့အကောင်အထည်ဖော်လျက်ရှိသည့် စွန့်ပစ်ပစ္စည်းထိန်းသိမ်းမှုနည်းပညာများကို မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ Su က မြို့တော်သည် စီးပွားရေး၊ ဝန်ဆောင်မှုနှင့် စွမ်းအင်ပါဝင်သည့် များစွာသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် Can Tho မြို့တော်ရှိ အိမ်ထောင်စုများမှ စွန့်ပစ်ပစ္စည်းပမာဏမှာ တန် ၁၁၈၀၀၀ ရှိပြီးတစ်ရက်ကိုတန် ၆၄၈ ရှိကြောင်း သိရပါသည်။
Vietnam Plus
DOCA(ရန်ကုန်)