၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာစျေးများတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့သည် အခြေခံစားသောက်ကုန်များ၏ လက်လီ/လက်ကား စျေးနှုန်းများ ကောက်ယူခဲ့ပါသည်။
အဆိုပါ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)၊ ဦးဝေပိုင်ဦး(အကြီးတန်းစာရေး)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးကျော်စိုးအောင် (စျေးတာဝန်ခံ)နှင့် ဝန်ထမ်း(၂)ဦး တို့သည် နေ့စဉ်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များ၏ လက်လီ/လက်ကား ရောင်းချနေသည့် စျေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် စျေးကွက်အတွင်း ဝင်ရောက်ရှိမှုအခြေအနေတို့ကို ကောက်ယူခြင်းနှင့် စျေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)