စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းများသာမက ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးပါ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း အိမ်ဆောက်ပစ္စည်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဈေးနှုန်း နှင့်လက်ကျန်အခြေအနေများအား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ် ကွင်းဆင်း လေ့လာစုံစမ်းပြီး တင်ပြပေးလျက်ရှိပါသည်။
မကွေးမြို့နယ်အတွင်း ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်လျှက်ရှိသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၁၀ဝ)၊ အပါချီ အမှတ် တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၅၀ဝ)နှင့် အယ်ဖာ အမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၁၀၀ဝ) တို့ဖြစ်ကြပြီး လက်ကျန်အခြေအနေဖြင့် ကြံ့နှစ်ကောင်အမှတ်တံဆိပ်(၁၈၉၂)အိတ်၊ အပါချီ အမှတ်တံဆိပ် (၆၀၀) အိတ်နှင့် အယ်ဖာအမှတ်တံဆိပ်(၃၅၀)အိတ် စုစုပေါင်း( ၂၈၄၂)အိတ်တို့ ကျန်ရှိနေသေးကြောင်း ဘိလပ်မြေကားများလည်း စဉ်ဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)