ကလားဝါးဥကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ကလားဝါးဥကို မိုးအကုန် အောက် တိုဘာလနှင့် နိုဝင်ဘာလများတွင် တူးဖော်ရောင်းချကြပါသည်။ ဝါးဥပင်ကိုစိုက်ပျိုးရာတွင်လည်း တကူးတကစိုက်ပျိုးစရာမလိုဘဲ ဝါးဥကိုတူးဖော်စဉ်ကပင် အပင်တက်ထွက်ရာ ဝါးဥ၏အမြီးပိုင်းကို လက်တစ်ဆစ်ခန့်ချိုး၍ တူးယူသောကျင်း၌ပင် ပြန်လည်မြေဖို့၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နောင်နှစ်မိုးဦးကျမှသာ အပင်တက်များ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည့်အတွက် စိုက်ပျိုးမှုကုန်ကျစရိတ်လည်းသက်သာပြီး အကျိုးများသော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရပါသည်။
ယခုအောက်တိုဘာလ တတိယပတ်တွင် သဲကုန်းမြို့နယ်ဈေးကွက်အတွင်း ကလားဝါးဥတစ်ပိဿာလျှင် လက်လီ (၅၀၀၀)ကျပ်၊ လက်ကား (၄၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ပြည်၊ ရန်ကုန် နှင့် လက်ပံတန်းမြို့နယ်များသို့ တင်ပို့ရောင်းချနေကြောင်း ရာသီပေါ်ကလားဝါးဥစိုက်ပျိုးသူများထံမှသိရပါသည်။
DOCA(ပဲခူး)