ညောင်တုန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်း

Powered by Drupal

    မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၇.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်က ညောင်တုန်းမြို့ရှိ စားသောက်ကုန်လုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းတို့က ဖျော်ရည်လုပ်ငန်း၊ ဇီးတော်ဖီလုပ်ငန်း၊ ငှက်ပျောကြော်လုပ်ငန်း၊ ဦးထွန်းသိန်း စားသောက်ကုန်လုပ်ငန်းတို့မှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့် ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနေကြသော စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနမှထုတ်ပြန်ထားသော ဥပဒေအကြောင်းအရာများ၊ အမိန်ညွှန်ကြားချက်များအကြောင်းကို လုပ်ငန်းရှင်များလိုက်နာသိရှိနိုင်စေရန်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)