ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

Powered by Drupal

         ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ‌ရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မတ်ပဲ

          နိုဝင်ဘာလ ပထမပတ်တွင်မတ်ပဲတစ်တင်းကို (၁၂၀၀၀၀-၁၂၀၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်(၁၅၀/၂၀၀)ခန့်အဝယ်ရှိနေပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၁၇၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၂၀၀)ခန့်ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၁၈၀၀၀ - ၁၁၉၀၀၀)ကျပ်၊ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို (၁၁၇၅၀၀/၁၁၈၀၀၀)ကျပ် ဖြင့်ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်(၁၅၀/၂၀၀)ခန့်ရှိပါသည်။

ပဲတီစိမ်း

         နိုဝင်ဘာလ ပထမပတ်တွင် ပဲတီစိမ်းအသစ်များပန်းတောင်း၊ ပေါက်ခေါင်း၊ ဝက်ထီးကန်ဘက်မှ တစ်ရက်လျှင် အိတ်(၃၀၀/၄၀၀)အဝင်ရှိပြီး ပဲတီစိမ်းတစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၃၀၀-၄၀၀)ခန့်အရောင်းအဝယ်ရှိသည်ကိုတွေ့ရပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၃၀၀)ခန့်ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၄၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲတီစိမ်းဈေးအေးနေပြီး တစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၇၀၀/၈၀၀)ခန့်အဝယ်ရှိနေပါသည်။

ကုလားပဲ

         ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ ပထမပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ မြကြေးမှုံတစ်တင်းကို (၁၂၂၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲဆက်သမားများနှင့် နယ်စုံအဝယ်တစ်ရက်လျှင် အိတ် (၁၅၀/၃၀၀)ခန့်အဝင်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ (HL)တစ်တင်းကို (၁၀၁၅၀၀-၁၀၂၀၀၀)ကျပ်၊ မြို့တွင်းခွဲစက်သမားများ တစ်ရက်လျှင် အိတ် (၂၅၀)ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ တတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၁၀၂၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၃၀၀)ခန့်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ် (၃၀၀)ခန့်အဝယ်ရှိပါသည်။

ပဲကြီး

          နိုဝင်ဘာလ ပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၈၇၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၂၅၀)ခန့်အဝယ်ရှိနေပါသည်။ ဒုတိယပတ်တွင် ပဲကြီး(‌ရွှေကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် ပဲကြော်သမားများအဝယ်တစ်ရက်လျှင် အိတ် (၂၅၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(‌ရွှေကျွန်း) တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲလက်ကျန်နည်းနေပြီဖြစ်သောကြောင့် ပဲစင်းငုံ၊ ဘိုကိတ်ပဲများမှာ အ‌ရောင်းအဝယ်နည်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)