ပြည်ဈေးကွက်သို့ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် နေပြည်တော်နှင့် ရန်ကုန်ဘက်မှ အောင်သပြေပန်းများတစ်ခြင်းလျှင် အပင်ရေ (၂၅၀)ပင်ပါရှိသည့် ခြင်းပေါင်း (၁၀)ခြင်းခန့်အဝင်ရှိပြီး တစ်ပတ်လျှင် (၂)ကြိမ်ခန့်ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ ခြင်းတစ်ခြင်းလျှင် အောင်သပြေပန်း အတုံးကြီး၊ လတ်၊ သေး သောင်းပြောင်းပါရှိသည့်အတွက် ပြန်လည်ရောင်းချရာတွင် အပင်သေးတစ်ပင် လျှင် (၁၅၀၀-၂၀၀၀)၊ အပင်အလတ်တစ်ပင်လျှင် (၂၅၀၀-၃၀၀၀)၊ အပင်အကြီးအချောတစ်ပင်လျှင် (၅၀၀၀-၆၀၀၀-၇၀၀၀)နှုန်းအထိ အသီးသီးရောင်းဝယ်မှုရှိနေသည်။ အရောင်းအဝယ်အနေဖြင့် တစ်ပတ်လျှင် (၂)ကြိမ်ဝင်ရောက်မှုရှိပေမဲ့ တစ်ပတ်အတွင်းဝင်ရောက်မှု၏ ထက်ဝက်ခန့်သာအရောင်းအဝယ်ဖြစ်သည့်အတွက် အကျိုးအမြတ်အားဖြင့် တစ်ပတ်လျှင် ပျမ်းမျှငွေ (၂၀၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)