ခေတ်စားလာသော ယာကွန်ဥနှင့် ပုသိမ်ဈေးကွက်

Powered by Drupal

           ယာကွန်ပင်စည်ဥ (Tuber Root) ကို စားသုံးနိုင်ရန်အတွက်စိုက်ပျိုးကြပြီး ယာကွန်ဥသည် ကြွပ်ဆတ်၍ အရည်ရွှမ်းပြီး ပန်းသီး၊ သစ်တော်သီးတို့ကဲ့သို့ ချိုမြိန်ပါသည်။ ယာကွန်ဥကို တူးဖော်ပြီးနောက် ခြောက်သွေ့၍အေးမြပြီး လေဝင်လေထွက်ကောင်း သောနေရာတွင်ထားပါက ကာလအတန်ကြာအထိ သိုလှောင်ထားနိုင်သည်။ နေရောင်တွင် နှစ်ပတ်ခန့်လှန်းပြီးစားပါက အချိုအရသာကို ပိုမိုရရှိစေကြောင်းသိရသည်။

          ယာကွန်ပင်သည် စိုက်ပျိုးရလွယ်ကူသည့်အပင်ဖြစ်သည်။ ယာကွန်ကို အရည်ရွှမ်းသောဥ၊ မြေအောက်သစ်တော်သီး၊ မြေအောက်ပန်းသီး၊ ယာကွန်အာလူး၊ ယာကွန်စတော်ဘယ်ရီဟု နိုင်ငံကိုလိုက်၍ ခေါ်ဆိုမှုအမျိုးမျိုးတွေ့ရပါသည်။ အချို့နိုင်ငံများတွင် ယာကွန်ဥကို Super Food ဟု ခေါ်ဆိုကြပါသည်။ ယာကွန်ပင်သည် အပေါ်ပိုင်း အပင်ခြောက်၍ အရွက်ကြွေကျချိန်တွင် မြေအောက်ရှိပင်စည်ဥကို တူးဖော်စားသုံးနိုင်သည်။ ယာကွန်ဥသည် ပျမ်းမျှအလေးချိန် ၃၀၀ ဂရမ်ခန့်ရှိပြီး ကြီးထွားသန်မာပါက ၂၀၀၀ ဂရမ်ခန့်အထိရှိသည်ကို တွေ့နိုင်သည်။  မြန်မာနိုင်ငံတွင် အဝါရောင်ယာကွန်ဥကို အများဆုံးတွေ့ရသည်။ မြေအောက်မြစ်ဖြစ်သော ယာကွန်ဥကို ချက်ပြုတ်၍သော်လည်းကောင်း၊ အစိမ်းသော်လည်းကောင်းစားသုံးနိုင်ကြောင်းသိရသည်။ ထို့အပြင် ယာကွန်ဥသည် အချိုဓာတ်ရသဖြင့် သကြားအစားထိုးအဖြစ် အစားအစာအမျိုးမျိုးတွင် ကျန်းမာရေးအစားအစာအဖြစ် ထည့်သွင်းကြကြောင်းသိရသည်။

           ယခုအခါတွင် ယာကွန်ဥသည် Social Media app များဖြစ်သည့် Facebook, Tiktok တို့တွင် ခေတ်စားလာသည့်အတွက် လူအများစိတ်ဝင်စားမှုရကာ အများအပြားဝယ်ယူစားသုံးကြသည့်အတွက် ဝယ်လိုအားမြှင့်တက်လာပြီး ရှမ်းပြည်ဒေသမှ မှာယူရောင်းချလျက်ရှိကာ ပုသိမ်မြို့ရှိ online market ပေါ်တွင် (၁) ပိဿာ (၆၅၀၀) ကျပ်နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)