မအူပင်မြို့နယ်တွင် စားသုံးသူပြည်သူများအတွက် သက်သာသောဈေးဖြင့် ကြက်ဥ၊ ဘဲဥ ရောင်းချပေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်  မအူပင်မြို့နယ်အတွင်းရှိ ပြည်သူများ ကြက်ဥ၊ ဘဲဥများကို ‌ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် လျော့ဈေးဖြင့် ၂၅.၁၁.၂၀၂၄ နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်မီးသတ်စခန်းအနီးတွင် စုပေါင်း၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

           ထိုသို့ရောင်းချရာတွင် ကြက်ဥတစ်လုံး(၄၀၀)၊ ဘဲဥတစ်လုံးလျှင် ၄၈၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥအလုံးရေ (၇၀၀)၊ ဘဲဥအလုံးရေ (၃၀၀) ဈေးဖြင့် (၁၅.၁၁.၂၀၂၄)ရက်နေ့တွင်ရောင်းချပြီး ၂၆.၁၁.၂၀၂၄ ရက်နေ့ကလည်း ကြက်ဥအလုံးရေ (၁၂၀၀)နှင့် ဘဲဥအလုံးရေ (၁၃၀၀)ကို မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ Social Distancing နှင့်အညီ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။

      အလားတူ ပန်းတနော်မြို့နယ် အထွေထွေအုအပ်ချုပ်ရေးဦစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ ရုံးအရှေ့တွင် ၂၅.၁၁.၂၀၂၄ ရက်နေ့တွင်၊ ကြက်ဥအလုံး(၅၀၀)၊ ဘဲဥအလုံး(၃၀၀)လုံး၊ ကြက်ဥတစ်လုံကို (၄၀၀)ကျပ် ဘဲဥတစ်လုံး (၅၀၀)ကျပ်ဖြင့်လည်းကောင်း ၂၆.၁၁.၂၀၂၄ ရက်နေ့တွင် ကြက်ဥအလုံးရေ (၈၀၀) နှင့် ဘဲဥအလုံးရေ (၇၀၀)ကို ရောင်းချပေးလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)