ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး ယာမြေများတွင် ပဲအမျိုးမျိုး၊ ဝါ၊ ငရုပ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ သီးနှံများ စိုက်ပျိုးကြကြောင်းနှင့် ငရုပ်စိုက်တောင်သူများအနေဖြင့် စတင်စိုက်ပျိုးထွက်ရှိနေပြီး အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းသဖြင့် အသီးအစိမ်းခူးဆွတ်ရောင်းချလျက်ရှိရာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ငရုပ်သီးအစိမ်းခူးဆွတ်ရောင်းချသူများအနေဖြင့် မိုးထောင်၊ အောက်ဆွဲငရုပ်မျိုးများ အဓိကစိုက်ပျိုးကြပြီး ဈေးကွက်ရရှိရေး အချိန်ကာလအမျိုးမျိုး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အစိုစိုက် (ရေသွင်းစိုက်ပျိုးခြင်း)နှင့် အခြောက်စိုက် (မြေကျင်းဖော်၍ ရေလောင်းစိုက်ပျိုးခြင်း) ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ငရုပ်သီးနှံတစ်ဧက ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက မျိုးထုပ် (၁၅) ထုပ်ခန့် ပျိုးထောင်စိုက်ပျိုးရကြောင်း ကုန်ကျစရိတ်အနေဖြင့် မြေပြင်သည်မှစ၍ အခင်းပျက်သိမ်းသည်အထိ သွင်းအားစုထည့်သွင်းအသုံးပြုသည့်အပေါ် မူတည်၍ ငွေကျပ်သိန်း (၂၅) မှ (၃၀) သိန်းထိ ကုန်ကျစရိတ်ရှိကြောင်း ငရုပ်စိုက်တောင်သူများထံမှ သိရသည်။
ငရုပ်သီးနှံသည် ကာလရှည်သီးနှံဖြစ်ပြီး တောင်သူအများစုသည် အသီးတောင့်ရင့်မှည့်အောင်ထားကာ (၇) ရက်တစ်ကြိမ် ခူးဆွတ်အခြောက်လှန်းကာ ရောင်းချခြင်းများပြုလုပ်ကြသော်လည်း နေ့စဉ်ဝင်ရရှိလိုသူများအနေဖြင့် ငရုပ်သီးများကို မှည့်အောင်မထားရှိဘဲ ငရုပ်အသီးအတောင့်ရင့်သည်နှင့် တစ်ပြိုင်နက်တည်း အစိမ်းခူးဆွတ်ရောင်းချလျက်ရှိရာ ငရုပ်သီးအစိမ်းဈေးကောင်းမွန်းသောကြောင့် အသီးအစိမ်းခူးဆွတ်ရောင်းချသူများ အဆင်ပြေလျက်ရှိပြီး၊ ငရုတ်သီးခြောက်အနေဖြင့်လည်း အကျိုးအမြတ်ရရှိ၍ နှစ်စဉ်ငရုတ်ခြောက် ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချနေပြီး စီးပွားဖြစ်စိုက်ပျိုးနေသောလုပ်ငန်းတစ်ခုဖြစ်ပြီး ယခု ငရုတ်ခြောက်ပိဿာချိန် ၁၀လျှင် ၈၀၀၀၀ထိ ဈေးပေါက်နေပြီး ငရုတ်သီးစိမ်းဈေးအနေဖြင့် ၁ပိဿာ ၁၀၀၀၀ ကျပ်ထိ ဈေးကောင်းရနေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)