နေပြည်တော်ကောင်စီဦးစီးမှူးရုံး၌ စားသုံးဆီဖြန့်ဖြူးကြီးကြပ်သည့်စနစ်(Software)နှင့် စပ်လျဉ်း၍ အသိပညာ‌‌‌ပေးဟောပြောခြင်း

Powered by Drupal

     စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ကောင်စီဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူက  စားသုံးဆီဖြန့်ဖြူးရာတွင်  လက်ကားအဆင့်မှ အိမ်ထောင်စုအဆင့်အထိ စနစ်အသုံးပြု ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍  အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဟောပြောသို့ နည်းပညာကုမ္ပဏီ၊ နေပြည်တော်ကောင်စီဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် လက်ကားကိုယ်စားလှယ် စုစုပေါင်း(၃၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(IT)