တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သခွားသီးဈေးနှုန်း

Powered by Drupal

     ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းများနှင့် တောင်ယာများတွင် သီးပင်၊စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ  သခွားသီးပင် များကိုလည်း စိုက်ပျိုးထားပါသည်။ သခွားပင်များသည် ဘူး၊ဖရုံပင်လိုမျိုး နွယ်ပင်အမျိုးအစားတစ်မျိုးဖြစ်ပြီး ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် နေရောင်ခြည်ကောင်းစွာ ရရှိပြီး စိုထိုင်းဆနည်းသောအရပ်ဒေသများတွင် သခွားပင်စိုက်ပျိုးရန်သင့်တော်သည်။ သခွားသီးများကို စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး သခွားသီးမှည့်ပါက အောက်ခြေရှိအညှာအက်ကွဲလာကြောင်း သိရပါသည်။

     ယခုအချိန်သည် သီးပင်၊ စားပင်များရောင်းကောင်းလျက်ရှိပြီး ထားဝယ်မြို့တွင် သခွားသီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ် နှင့် အသေးတစ်လုံးလျှင်(၃၀၀)ကျပ်ရှိပြီး ဈေးသည်များ တွက်ချေကိုက်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)