တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ တနင်္သာရီတိုင်းဒေသကြီး၏ ရော်ဘာစိုက်ပျိုးဧရိယာမှာ ၃၅၁၇၇၇ဧက ဖြစ်ပြီး၊ အစေးလှီးဧရိယာမှာ ၂၀၂၇၁၉ဧက၊ အထွက်နှုန်း ၅၀၂.၂၁ပေါင်၊ အထွက်တန်အနေဖြင့် ၄၆၁၇၉မက်ထရစ်တန် (တစ်နှစ်စာပျမ်းမျှထွက်တန်)ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးမှ ဒီဇင်ဘာလ ပထမပတ်အတွင်း ရော်ဘာစျေးနှုန်း အခြေအနေမှာ RSS-3 တစ်ပေါင်လျှင် (၂၉၀ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင် (၂၈၀ဝိ/−)ကျပ် စျေးနှုန်းရှိပြီး ယခင်နှစ်အလားတူကာလတွင် RSS-3 တစ်ပေါင်လျှင် (၁၆၅ဝိ/-) ကျပ်နှင့် RSS-5 တစ်ပေါင် (၁၄၅ဝိ/−)ကျပ် ပေါက်ဈေးရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)