တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟင်းနုနွယ်စျေးကွက်

Powered by Drupal

     ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီ‌တာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ဟင်းနုနွယ်အမျိုးအစားမှာ အနီရောင်နှင့်အစိမ်း ရောင်ရှိပြီး အများအားဖြင့် ဟင်းနုနွယ်အစိမ်းရောင်ကိုသာ စိုက်ပျိုးလျက်ရှိပါသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့်မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် သင်္ကြန်အပြီး မေလနှင့်ဇွန်လ၊  အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အများအပြား အောင်မြင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

     ဟင်းနုနွယ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ယခုကာလတွင် ထားဝယ်မြို့နယ်ရှိကျေးရွာများတွင် ဟင်းနုနွယ်များ အများအပြားစိုက်ပျိုးလျကိရှိပြီး စျေးကွက်ရောင်းတန်းဝင် အရွယ်အစားဖြစ်လာလျှင် အပင်လိုက်နှုတ်ယူစွတ်ခူးကာ ထားဝယ်မြို့ပေါ်ရှိစျေးများတွင် အစီးသေးတစ်စီးလျှင် ၄၀၀/၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကာ ရာသီပေါ်စားသောက်ကုန်သီးနှံတစ်ခုအဖြစ် ဒေသခံဟင်းသီးဟင်းရွက်စိုက်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)