ICA-CEPA သည်အင်ဒိုနီးရှားတွင် ကနေဒါ၏ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံစက်မှုနှင့်ကုန်သည်များအသင်း (Kadim) ၏ဥက္ကဌဖြစ်သူ Anindya Bakrie က အင်ဒိုနီးရှား-ကနေဒါဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (ICE-CEPA) သည် အင်ဒိုနီးရှားတွင် ကနေဒါ၏ရင်းနှီးမြှုပ်နှံမှုများ  မြင့်တက်လာစေရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။ Bakrie က ထိုသဘောတူညီချက်သည် အင်ဒိုနီးရှားထုတ်ကုန်များ ကနေဒါဈေးကွက် သို့ ဝင်ရောက်ရန် အခွင့်အရေးများရရှိစေမည်ဖြစ်ကြောင်းနှင့် ထိုသဘောတူညီချက်ကို လာမည့်နှစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်နေ့ကကျင်းပခဲ့သည့် CEPA ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ၎င်းသည် စွမ်းအင်ဖူလုံရေး၊ အစားအစာဖူလုံရေး၊ တွင်းထွက်ပစ္စည်းများနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးအစရှိသည့် များစွာသောအလားအလာရှိသည့် ကဏ္ဍများအား ထိုသဘောတူညီချက်တွင် ဆွဲစောင်နိုင်ခဲ့ကြောင်း သိရပါသည်။ ထိုသဘော တူညီချက်မှတစ်ဆင့် အကျိုးကျေးဇူးရနိုင်သည့်အခြားကဏ္ဍများတွင် ကုန်ထုတ်လုပ်ခြင်း၊ နည်းပညာ၊ စိုက်ပျိုးမွေးမြူရေးနှင့် စွမ်းအင်ပါဝင်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ကြောင်း သိရပါသည်။ Bakrie က အနာဂတ်တွင် ICA-CEPA သည် နှစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးများကို သယ်ဆောင်ပေးနိုင်ကြောင်းနှင့် သမ္မတ Prabowo၏ နိုင်ငံခြားအလည် အပတ်ခရီးစဉ်အတွင်းတွင်လည်း အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု အာမခံချက်များကိုရရှိခဲ့သဖြင့် နိုင်ငံသည် မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏အဆိုအရ အင်ဒိုနီးရှားနိုင်ငံသည် ယူအေအီးနှင့်သြစတေးလျ ကဲ့သို့သော နိုင်ငံများနှင့်လည်း မိတ်ဖက်သဘောတူညီချက်များရရှိခဲ့ကြောင်း သိရပါသည်။ ICA-CEPA ဆွေးနွေးမှုများသည် နှစ်နိုင်ငံခေါင်းဆောင်များ၏  နိုဝင်ဘာ ၁၅ ရက်နေ့ကကျင်းပခဲ့သော APEC ညီလာခံ၏ သီးခြားအစည်းအဝေးတွင် ပြီးပြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံလုံး သည် ထိုသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် နှစ်အလယ်ပိုင်းတွင် လက်မှတ်ရေးထိုးရန် သဘောတူထားပြီး ခန့်မှန်း ၂၀၂၆ ခုနှစ်တွင်အကောင်အထည်ဖော်မည်ဟု သိရပါသည်။

Antara News

DOCA(ရန်ကုန်)