ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ကျင်းပသော MSME Talk Show စကားဝိုင်းအစီအစဉ်ကို ပြည်သူ့ရင်ပြင်၊ ပြည်သူ့ဥယျာဉ်၌ နိုဝင်ဘာလက ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ဌာနဆိုင်ရာများမှအရာထမ်းအမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးဖြစ်သူ ဦးကျော်ကျော်ညွန့်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထိုနောက် Talk Show (စကားဝိုင်း) အစီအစဉ်ကို ပထမစကားဝိုင်းနှင့် ဒုတိယစကားဝိုင်း နှစ်ပိုင်းခွဲ၍ကျင်းပခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်သင်းရည်မွန်ဟန်က ဒုတိယစကားဝိုင်း အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဒုတိယစကားဝိုင်း အစီအစဉ်ကို Moderator အဖြစ် ရန်ကုန်တိုင်းဒေသကြီးစက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်မူမူအေးက ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်ငြိမ်း၊ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာမင်းဝန်၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်သင်းရည်မွန်ဟန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာစိမ့်သန္တာထွန်းတို့က မေးမြန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုစကားဝိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှလက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူဒေါ်သင်းရည်မွန်ဟန်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်ချက်များဖြစ်သည့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်များ၊ ကုန်အညွှန်းအမှတ်အသားစိစစ်ခြင်း လုပ်ငန်းစဉ်များ၊ စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်မှုများနှင့် စားသုံးသူတိုင်ကြားမှုများနှင့် ပတ်သတ်၍ ဖြေရှင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)