စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်လဲ့လဲ့ဌေး စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် (၃-၁၂-၂၀၂၄)ရက်နေ့တွင် တာမွေမြို့နယ်၊ အရိုးကုန်း ဈေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာ၌ ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အလှကုန်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးမျိုးတို့တွင် ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)