ကရင်ပြည်နယ်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ချက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် သူနာပြုသင်တန်းကျောင်း ဘားအံမြို့ သို့ သွားရောက်၍ ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများကို အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်း အမှတ်အသားအကြောင်း၊ online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာဆိုင်ရာအကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေး အပြည့်အဝရရှိနိုင်ရန်အတွက် ဌာနမှဆောင်ရွက်လျက်ရှိသည့် စားသုံးသူ၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန် အတွက် စားသုံးသူပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိ ဆောင်ရွက်မှုအခြေအနေများနှင့် ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့် Consumer Call Center 1535 Hotline အကြောင်းကို အသိပညာပေးဟော ပြောခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ နှင့်အညီ လိုက်နာဆောင်ရွက် သွားရန် ဆွေးနွေးပြော ကြားခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်‌ဝေခဲ့ပါသည်။

     ဆက်လက်၍ သီရိကွင်း ဘားအံမြို့၌ ကျင်းပပြုလုပ်ခဲ့သော (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍  ပြခန်းများခင်းကျင်းပြသခဲ့ပြီး ပြခန်း လာရောက်ကြည့်ရှု့သူ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်စရာများ အကြောင်း  အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(ကရင်)