ကရင်ပြည်နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး ဘေးအန္တရာယ်ရှိစေသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် မိမိတို့ဌာနမှ ဦးဆောင်၍ သော်လည်းကောင်း၊ မိတ်ဖတ်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် နိုဝင်ဘာလ အတွင်း အမှတ်(၅)ရပ်ကွက် ဘားအံမြို့ ၊ ဘားကပ်ကျေးရွာ ဘားအံမြို့ ၊ မြိုင်ကလေးဈေး ဘားအံမြို့၊ တန်(၉၀၀)ဘိလပ်မြေ စက်ရုံ ဘားအံမြို့၊ ထန်းတပင်ကျေးရွာ ဘားအံမြို့ရှိ  လက်လီ/ လက် ကား ဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်များတို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဦးစားပေးကုန်စည် (၁၀)မျိုးထဲမှ စည်သွပ်အစားအစာအမျိုးမျိုးနှင့် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဘားအံမြို့ရှိ    အချစ်ဖူး ဆေးဆိုင်၊ သီဟ-၂ ဆေးဆိုင်၊ မင်းသုခ ဆေးဆိုင်၊ လာဘ်ဘုံထူးဆေးဆိုင်၊ မွန်ရတနာဆေးဆိုင်တို့ကို  ရည်ညွှန်ဈေးနှုန်း အတိုင်းရောင်းချနေမှုရှိ/မရှိ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ကရင်)