လက်ပံတန်းမြို့မဈေးအတွင်းမှ ဈေးတက်နေသော ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ  အောက်တိုဘာလဒုတိယပတ်မှ အောက်တိုဘာလနောက်ဆုံးပတ်အထိ ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀/ ၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့သော်လည်း နိုဝင်ဘာလဆန်းမှစတင်ပြီး ကြက်သွန်နီ ဈေးနှုန်းများ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်နီတစ်ပိဿာလျင်ကြက်သွန်နီ (ကြီး)၅၀၀၀/ကျပ်၊ ကြက်သွန်နီ(လတ်)၄၀၀၀/ကျပ်၊ ကြက်သွန်နီ(သေး) ၃၅၀၀/ ကျပ် ဈေးနှုန်းဖြင့် ကြက်သွန်နီဈေးများမြင့်တက်သွားကြောင်းသိရှိရပါသည်။

             အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျင် အောက်တိုဘာလဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် ၇၀၀၀/ ၈၀၀၀) ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး အောက်တိုဘာလလနောက်ဆုံးပတ်တွင် လည်းအာလူးဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ရာ ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင်(၈၀၀၀/ ၁၀၀၀၀) ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်နေပါသဖြင့် အာလူးဈေးနှုန်း/ ဈေးကွက်အခြေအနေမှာ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)