စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်(၁၀း၀၀) အချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ကျီကုန်းစံပြကျေးရွာရှိ “မိသားစု” ဆန်စက်လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကြိတ်ခွဲထုတ်လုပ်သော ဆန်များ အရည်အသွေးကောင်းမွန်စေရန် အရည်အသွေးကောင်းမွန်သော ဆန်များထွက်မှသာ ရောင်းတန်းဝင်၍ ဈေးကွက်ကောင်းပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်များကဲ့သို့ စိုက်ပျိုးနိုင်မှုမရှိသည့်အတွက် တောင်သူများမှလာရောက်ပြီး ဆန်ကြိတ်ခွဲနိုင်မှုနည်းပါးသဖြင့် အလုပ်မဖြစ်ကြောင်း၊ ဆန်ကြိတ်ခွဲ ထုတ်လုပ်ရာတွင် ဒေသတွင်းတောင်သူများ သီးနှံပေါ်ချိန်တွင်သာ လည်ပတ်နေကြောင်း၊ ယခင်နှစ်များမှာဆိုရင် ကုန်ကြမ်းများကို မိမိကိုယ်တိုင်ဝယ်ယူကြိတ်ခွဲပြီး ပြန်လည်ရောင်းချကြောင်း ယခုနှစ်မှာတော့ ကုန်ကြမ်းဝယ်ယူကြိတ်ခွဲရန် အဆင်မပြေပါကြောင်း လုပ်ငန်းရှင်မှ ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာ မြို့နယ်တာဝန်ခံမှ လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(စစ်ကိုင်း)