ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ပန်းတနော်မြို့နယ်တွင်း ပြည်သူများ အခြေခံစားသောက်ကုန် ဆီနှင့် ဘဲဥ၊ ကြက်ဥများ သက်သာ သော ဈေးဖြင့် ဝယ်ယူနိုင်ရန် ကြက်ခြံ ၊ ဘဲမွေးမြူရေးခြံ လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ သက်သာသောဈေးဖြင့် ရောင်းချပေးနေကြောင်းသိရသည်။
ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးအရှေ့မှ စတင်၍ လှည့်လည်ရေးကားဖြင့် ပန်းတနော်မြို့နယ်အတွင်း ရောင်းချပေးရာ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပါဝင်ပြီး (၂၈.၁၁.၂၀၂၄)ရက်မှ (၃၀.၁၁.၂၀၂၄) ရက်နေ့အထိ ကြက်ဥ ၇၅၀၀လုံး၊ ဈေးနှုန်း ၁လုံးကို ၃၅၀/-၊ ဘဲဥအလုံး ၅၀၀လုံး ဈေးနှုန်း ၁လုံး ၅၀၀/-ကျပ်၊ ဆီပိဿာချိန် ၁၀ ကိုရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၁.၁၂.၂၀၂၄)ရက်နေ့မှ (၄.၁၂.၂၀၂၄) ရက်နေ့ အထိ ကြက်ဥ တစ်နေ့ကို အလုံး ၃၀၀၀၊ ဈေးနှုန်း တစ်လုံးကို ၃၅၀/-ဖြင့် အလုံးရေ (၁၂၀၀၀)လုံးကိုလည်းကောင်း၊ ကြက်သား တစ်နေ့ကို ပိဿာချိန် ၁၀ဖြင့် ပိသာချိန် ၄၀ကို ကြက်သားဈေးနှုန်း ၁၀ဆယ်သား ၁၄၀၀ကျပ်ဖြင့်လည်းကောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှ စတင်၍ ရောင်းချပေးပြီး ဈေးကားဖြင့် မြို့နယ်တွင်း လှည့်လည်ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)