ပန်းတနော် မြို့နယ်ရှိ ကုန်စည်ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ လုပ်ငန်းရှင်များနှင့် ရပ်ကွက်နေပြည်သူများကို အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     (၄.၁၂.၂၀၂၄)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၂၀)ဦးနှင့် ရပ်ကွက်နေပြည်သူများအား ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်ခဲ့သည်။

      စားသုံးသူပြည်သူများက ၎င်းတို့၏ လူသုံးကုန်၊ အလှအပရေးရာများ၊ ဇိမ်ခံပစ္စည်းများ၊ ကောင်းမွန်သော စားသောက်ကုန်များကို လိုအပ်ချက်အရ ဝယ်ယူအသုံးပြုသည့်အခါ တန်ဖိုးနှင့်အညီ ပေးချေဝယ်ယူကြပြီး စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက် နစ်နာမှုမရှိစေရေး အတွက် အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအားလုံးကို  eComReg Online Sales Registration စနစ် ဖြင့် စနစ်တကျထိန်းကျောင်းနိုင်ပြီး အွန်လိုင်းရောင်းချ သူလုပ်ငန်းများ လိမ်လည်ရောင်းချမှုများ လျော့နည်းစေရေးနှင့် တရားဝင်လုပ်ငန်း တစ်ခုအဖြစ် ရောင်းချနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန်ညွှန်ကြားချက်များထုတ်ပြန်၍ ထိန်းကြောင်းပေးသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ၊ လုပ်ငန်းရှင်များက မဖြစ်မနေ မှတ်ပုံတင်ပြီးမှ ရောင်းချခွင့်ရှိမည်ဖြစ်၍ အွန်လိုင်းမှတ်ပုံတင်မရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းချနေသူများကို စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဟောပြောကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)